Friday, January 8, 2010

ခရီးသည်

**နေပူထဲမှာခမောက်မပါ
မိုးရွာထဲလဲထီးမပါဘဲ
အရိပ်မခိုတဏှာလိုသူ
အသင်ခရီးသွားငရဲသွားမလား....
**ပြုပြုသမျှမရှုလှ
ဖြစ်ဖြစ်သမျှသင်္ခါရ
မက်မောစရာဗလာဟာနဲ့ 
ကိုယ်မှာဒုက္ခပေါကြွယ်ဝ....
**ဒုက္ခကြောက်သူကုသိုလ်ယူ
စက္ကန့် မပြတ်သတိကပ်ရျ၊်
ကောကီစည်းဇိမ်ကာမကုန်ထောင်မှ
လွတ်အောင်ကြိုးကုတ်ဇွဲထုတ်လော....

Tuesday, December 15, 2009

မရဲ့ မာယာကျော့

**ချိုသာတဲ့ အပြုံးတွေနဲ့ 
လှုပ်မရအောင်ဖမ်းစားနိုင်သူ...မ
**မရေရာတဲ့အတွေးတွေနဲ့ 
အိပ်မရအောင်ချော့သိပ်နိုင်သူ...မ
**ပျော်ပျော်နေတတ်တဲ့စိတ်နဲ့ 
ကျွန်တော့်ရှေ့ ကျစိတ်ကောက်တတ်သူ...မ
**နောက်ဆုံးတော့လည်း....
မဲ့ ပြုံးလေးတစ်ပွင့်နဲ့ 
မေ့မရအောင်ကျောခိုင်းခဲ့သူ...မ
**၀န်းကျင်မှာ'မ'အရိပ်တွေနဲ့ 
ကျွန်တော့်အပေါ်စိုးမိုးနိုင်သူ...မ
**ချစ်တယ်မုန်းတယ်ပြောပုံလေးနဲ့ 
ရူးမတတ်ပြုစားနိုင်သူ...မ
**နောက်ဆုံးးပြောတဲ့မရဲ့ အမုန်းက
အိပ်မက်ထဲထိနှေက်ယှက်တတ်လို့ 
အိပ်ပျော်သွားမှာကြောက်ခဲ့သူကို
မကြင်နာရင်လည်း' မ'အတွက်
ပျော်စရာအရုပ်ကလေးအဖြစ်
ဘေးနားမှာနေခဲ့ချင်သူပါ....မ

Monday, December 14, 2009

အချစ်ရဲ့ အဆုံးအစများ

**အချစ်ဟာ
ပျော်ရွှင်ခြင်းများနဲ့ စတတ်သလို
ပူဆွေးခြင်းများနဲ့ ဆုံးတတ်ပါတယ်...
**အချစ်ဟာ
မျင်ရည်များစွာနဲ့ စတတ်သလို
ကြည်နူးခြင်းနဲ့ ဆုံးတတ်ပါတယ်...
**အချစ်ဟာ
မျှော်လင့်ချက်များနဲ့ စတတ်သလို
အိပ်မက်တစ်ခုအဖြစ်နဲ့ ဆုံးတတ်ပါတယ်...
**အချစ်ဟာ
ပိုင်ဆိုင်ခြင်းနဲ့ စတတ်သလို
စွန့် လွတ်ခြင်းနဲ့ ဆုံးတတ်ပါတယ်...
**အချစ်ဟာ
ရယ်မောခြင်းနဲ့ စတတ်သလို
ငိုကြွေးခြင်းနဲ့ ဆုံးတတ်ပါတယ်...
**အချစ်ဟာ
ဒီရင်ဘတ်ထဲကစတတ်သလို
အမုန်းလက်နက်အောက်မှာကျဆုံးတတ်ပါတယ်...
**သြော်...အချစ်ဟာ
စချင်တဲ့ နေရာကစပြီးတော့
ဆုံးချင်တဲ့ နေရာရောက်ရင်ဖြင့်
ထာဝရအိပ်စက်တတ်ပါလားကွယ်...

Saturday, October 24, 2009

စိတ်ကူးထဲကပန်းလိပ်ပြာ

**အဝေးရောက်လိပ်ပြာ
ရနံ့ ရောင်စုံဆင်လို့ 
အလှအပတွေနဲ့ မွန်းကြပ်
ပန်းရောင်စုံတွေကြားမှာလူးလွန့် 
ဘ၀ဆိုတာကိုသူမတွေးခဲ့ ...
**နောက်ဆုံးတော့...
နောင်တတွေတပွေ့ တပိုက်နဲ့ 
သူပြန်လာတယ်မွေးရပ်အလယ်
သံယောဇဉ်လေးယှဉ်ကာတွဲလို့ 
ဒါပေမဲ့ ငါတို့ စိတ်ကူး
အတိတ်ရဲ့ အမိုက်ကိုမတွေးဘူး
အရိပ်တွေအပြည့်ဖုံးကာလို့ 
တို့ သူငယ်ချင်းမင်းကိုပြုစု
အားမငယ်စေဖို့ တို့ တိုက်တွန်း
နောက်ဆိုရင်ဒီလိုမဖြစ်စေဖို့ 
မင်းရဲ့ စိတ်ကိုပြင်ဆင်ပေါ့....

တို့ ရောက်လာခိုက်သည်ခဏမှာ

**ရွက်ဟောင်းမြေခ
အခြေမလှသော်လည်း
ရွက်သစ်ဝေဆာ
အနေသာလှ၏...
**သြော်...ထိုသို့ ...
လှိုင်းဒဏ်ခက်ဒဏ်ဒီဘ၀၀ယ်
ငါ့ထွက်လမ်းမဖြောင်းကြမ်းပေမဲ့ 
ငါရောက်လာဒီခဏမှာ
ကန္တရမှာရေတွေ့ သည့်ုနှယ်
ထူးခြားထွေပြားကျိုးစွမ်းအား
ချန်နိုင်ကောင်းခဲ့ကျန်ခဲ့ကောင်း၏...
**စိတ်ကူးမလွဲတို့ အတူတွဲကာ
ပန်းတိုင်အရောက်တို့ ဇွဲထုတ်မယ်
အားလပ်ချိန်တိုင်းအတွေးမယဉ်ဘဲ
ဒုက္ခမဟုတ်တဲ့လက်တွေ့ အလုပ်ကို
အများကောင်းကျိုးတို့ သယ်ပိုးဖို့ 
ပြုနိုင်ကောင်းခဲ့ပြုခဲ့ကောင်း၏...

Tuesday, October 20, 2009

တွေးလိုက်တိုင်း

**ငါငယ်သေးတာမို့ 
မသေနိုင်သေးဘူးရယ်လို့ 
တွေးလိုက်တိုင်းစိတ်မှာထင်....
**ဒါပေမယ့်..၀န်းကျင်မှာတော့
ငိုကြွေးသံတွေညံလို့ ပေါ့
ရွယ်သုံးပါးမကျန်အောင်
သူ(သေမင်း)ခေါ်တတ်တာမို့ 
လောကမှာမတည်မြဲဘူးရယ်လို့ 
တွေးလိုက်တိုင်းစိတ်မှာထင်...
**ဘ၀ဆိုတာအရာဝတ္ထုဆိုရင်ဖြင့်
ဖန်ဆင်းရှင်ကကိုယ်ကိုယ်တိုင်ပဲ
ကောင်းဖို့ လည်းကိုယ်ကဖန်သည်
ဆိုးဖို့ လည်းကိုယ်ကဖန်သည်
ကိုယ်ဖန်တဲ့ ရုပ်ကိုယ်မဟုတ်ဟု
ငြင်းဆန်သော်လည်းမရဘဲ
အကောင်းအဆိုးကိုယ့်ကိုကိုးဧ။်
သြော်..ကိုယ်တိုင်လုပ်မှ
အဟုတ်ဖြစ်သည်ပါတကား....။

Sunday, September 27, 2009

ကျောခိုင်းသွားသောသူငယ်ချင်း.......သို့ 

**ဆိုင်ကယ်accidentတဲ့ .....
မမျှော်လင့်တဲ့ သတင်း
ပြင်းထန်တဲ့ စကား
ငါ့ရင်ကိုအပြင်းထိခတ်.....
**ဒီဘ၀မှသူပျောက်ကွယ်သွားပြီတဲ့ 
သိလိုက်ရတဲ့ သည်ခဏ
ရင်ထဲမှာမီးတောက်
အရူးတစ်ယောက်လိုဟစ်အော်
ဒီသတင်းကိုမယုံနိုင်ဘူးလေ.....
ရုပ်နာမ်ကွဲနေတဲ့ သူခန္ဒာ
တိတ်ဆိတ်စွာငေးကြည့် ရင်း
အတိတ်ပုံရိပ်တွေဝိုးတ၀ါး
သြော်.....
အဲဒါဝတ္ထုမဟုတ်ဘူးတဲ့ .....
**ခြောက်သွေ့ နေတဲ့ သူ့ နှုတ်ခမ်း
အေးခဲနေတဲ့ သူ့ မျက်နှာကို
သူ့ ဘ၀ရဲ့ နောက်ဆုံးခရီးမှာ
အငမ်းမရစိုက်ကြည့် ရင်း
အတားဆီးမဲ့ ငါငို ကြွေး
ပတ်ဝန်းကျင်ကိုခဏခေါက်ထားမိ
သူ့ အတွက်ဆုမွန်ခြွေရင်းပေါ့.....။