Sunday, September 27, 2009

မင်းဘ၀ခဏတာမှာ

**ဟေး...သူငယ်ချင်းရေ...
ခေါ်ရလည်းမထူး
ပျော်ရင်တော့မြူးတဲ့ မင်း
ငါ့ကိုမြင်ရင်ပျောက်
ရောက်နေရာမှာနှောက်
ဘယ်သူ့ ကိုမှမငဲ့ တဲ့ မင်းကို
စကားအလှမခြွေတတ်ပေမယ့်
နှလုံးသွေးနဲ့ ရင်းပြီးတော့
မင်းအတွက်အမှတ်ရစေဖို့ ပေါ့။
**မင်းဘ၀ခပ်တိုတို
ကြိုက်သလိုလှုပ်ရှား
အတားအဆီးတွေကင်းတယ်
ဒါပေမယ့်သတိထား
ငါပြောတဲ့ သစ္စာစကား
လူ့ ဝန်းကျင်မှာ
သူတို့ ရဲ့ အဖြူရောင်ကို
ဆေးမခြယ်မိဖို့ ပေါ့။

No comments:

Post a Comment